New Classes Launching August 1, 2026!
Modus Academy (မိုးဒပ်စ် သင်တန်းကျောင်း) ဆိုသည်မှာ မြန်မာနိုင်ငံရှိ IT ကျွမ်းကျင်ပညာရှင်များ၏ အရည်အသွေးကို နိုင်ငံတကာ လုပ်ငန်းခွင်စံနှုန်းများအတိုင်း တက်လှမ်းနိုင်ရန် ရည်ရွယ်ပြီး ထိပ်တန်းအဆင့် သက်မွေးပညာသင်တန်းများကို ပံ့ပိုးပေးနေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ဤ အဖွဲ့ အစည်းကို ပြည်တွင်း ပြည်ပလုပ်ငန်းခွင်များတွင် (၁၅) နှစ်ကျော် အတွေ့အကြုံရှိသော ဝါရင့်ပညာရှင်ကိုယ်တိုင် ဦးဆောင်ပြီး စာတွေ့ လက်တွေ့ အထူးသင်တန်းများနှင့် စနေ၊ တနင်္ဂနွေ သီးသန့်တန်းခွဲများကို ပို့ချပေးနေပါသည်။ အဓိက ဝန်ဆောင်မှုပေးနေသော ဘာသာရပ်များမှာ ITIL Service Management နှင့် အဆင့်မြင့် Data Analytics သင်တန်းများ ဖြစ်သည်။
ရည်မှန်းချက် (Objectives)
IT Professionals များအနေဖြင့် မိမိတို့၏ Career ကို ပိုမိုမြန်ဆန်စွာ တိုးတက်အောင်မြင်စေရန်၊
စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများက သုံးစွဲသူများကို ထိရောက်သော ဝန်ဆောင်မှုတန်ဖိုးများ ဖန်တီးပေးနိုင်ရန်နှင့် ခေတ်မီ IT Frameworks (မူဘောင်)များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချလာနိုင်ပြီး လုပ်ငန်းများတိုးတက်စေရန် ဖြစ်ပါသည်။
ရည်ရွယ်သည့်အစုအဖွဲ့ (Target Audience)
မိမိတို့၏ နည်းပညာစွမ်းရည်များကို နိုင်ငံတကာအဆင့်မီ မြှင့်တင်လိုကြသည့် IT Professionals များ၊ ပြည်တွင်းမှာနေထိုင်ရင်း ပြည်ပကုမ္ပဏီကြီးများ၏ Remote Jobs ကိုလုပ်ကိုင်လိုသူများ၊ ပြည်ပနိုင်ငံများတွင် IT Professional များအဖြစ်လုပ်ကိုင်ရင်း အခြေချ နေထိုင်လိုသူများ၊
အနာဂတ်ဦးဆောင်မည့် Managers & Leaders များနှင့် နည်းပညာအသိုင်းအဝိုင်းမှ ပညာရှင်များကို အဓိက ဦးတည်ထားပါသည်။
Led by an analytical IT professional and enterprise application specialist with over 15 years of experience across UK, Singapore, and Myanmar tech ecosystems.
Credentials: Certified in ITIL and PRINCE2 methodologies.
Education: Triple MSc holder in Business Analytics & Big Data (UK), Information Studies (Singapore), and Computer Science (Myanmar).
Approach: Bridging deep technical theory with real-world enterprise application troubleshooting and data-driven insights.
LinkedIn: Hnin Nu Nu Aye
Secure your seat for our upcoming weekend batches today and enjoy a 10% early-bird discount.
Group corporate enrollments are eligible for custom pricing packages.
IT Service Management (ITSM) အကြောင်းကို စာအုပ်ကြီးအတိုင်း ပျင်းစရာကောင်းအောင် ပြောမှာမဟုတ်ဘဲ real world ထဲမှာ တကယ်ဘယ်လို အလုပ်လုပ်လဲဆိုတာကို ကော်ဖီဆိုင်မှာ သူငယ်ချင်းတွေ စကားစမြည်ပြောသလိုမျိုး လွတ်လွတ်လပ်လပ် ဆွေးနွေးသွားမယ့် လုံးဝ (free) online chat လေးတခုဆီ ဖိတ်ခေါ်ချင်ပါတယ်။
ဒီပွဲလေးမှာ ဘဏ်လုပ်ငန်း၊ နည်းပညာနဲ့ public service နယ်ပယ်တွေရဲ့ enterprise trenches တွေထဲမှာ လက်ရှိတကယ် ဖြတ်သန်းနေကြတဲ့ ကျမရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ senior IT professional ၂ ယောက်၊ ၃ ယောက်ကိုလည်း ဖိတ်ခေါ်ပေးထားပါတယ်။ ကျမတို့တွေ အလုပ်ခွင်ထဲမှာ ကြုံခဲ့ရတဲ့ အကြီးမားဆုံး "disaster stories" တွေ၊ အခက်အခဲတွေကို structured practices တွေသုံးပြီး ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာနဲ့ ITIL လိုမျိုး global frameworks တွေကို ကျွမ်းကျင်ထားတာဟာ လစာကောင်းတဲ့ regional ဒါမှမဟုတ် remote roles တွေဆီ တက်လှမ်းဖို့အတွက် ဘယ်လောက်တောင် အရေးပါတဲ့ secret weapon ဖြစ်လဲဆိုတာတွေကို ဝေမျှပေးသွားမှာပါ။
📅 ရက်စွဲ - စနေနေ့၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်
⏰ အချိန် - မနက် ၁၀:၀၀ နာရီ (မြန်မာစံတော်ချိန်)
📍 Platform - Google Meet (Registration လုပ်ပြီးပါက link ပို့ပေးပါမည်)
🎟️ MEETING LINK ရယူရန်အတွက် ဒီနေရာမှာ FREE စာရင်းပေးသွင်းနိုင်ပါပြီ -
မိမိသိချင်တဲ့ မေးခွန်းတွေ၊ လက်ရှိ အလုပ်ခွင်ထဲမှာ ခေါင်းခဲနေရတဲ့ headaches တွေနဲ့အတူ မိမိကြိုက်နှစ်သက်တဲ့ မနက်ခင်းကော်ဖီလေးတခွက်ယူပြီး တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ စနေနေ့ကျရင် တွေ့ကြမယ်နော်။