New Classes Launching September 05, 2026!
၁. သင်တန်းတွေကို ဘယ်လိုပုံစံနဲ့ သင်ကြားပေးတာလဲ။
သင်တန်းအားလုံးကို အပြန်အလှန် ဆွေးနွေးနိုင်အောင် ဆရာကိုယ်တိုင် Live နဲ့ သင်ပေးပါတယ်။ စာတွေ့Tutorial သင်ခန်းစာတွေအပြင် လက်တွေ့ Lab Exercises များနှင့် ပြင်ပ Case Study များကိုပါ စနစ်တကျ ပေါင်းစပ်သင်ကြားပေးပါတယ်။
၂. သင်တန်းပြီးရင် အသိအမှတ်ပြုလက်မှတ် (Certificate) ရမှာလား။
သင်ခန်းစာနဲ့ လေ့ကျင့်ခန်း အားလုံး ပြီးမြောက်သူတွေကို Modus Academy ရဲ့ တရားဝင် သင်တန်းဆင်း လက်မှတ် (Certificate of Completion) ပေးအပ်သွားမှာပါ။
သင်တန်းတွင် ထူးချွန်သူများ နှင့် အကောင်းဆုံး Project ပြုလုပ်နိုင် သူများကို (Certificate of Excellence) သီးသန့် ပေးအပ်မှာဖြစ်ပါတယ်။
၃. အဖွဲ့ (သို့) ကုမ္ပဏီ လိုက်သင်တန်းအတွက် လျှော့ဈေး ရှိလား။
သင်တန်းသား (၃) ယောက်နှင့် အထက် အဖွဲ့လိုက် (သို့) ကုမ္ပဏီဌာနလိုက် သင်တန်းအပ်နှံပါက သီးသန့်နှုန်းထားများသာမက အဆင်ပြေမယ့် အချိန်ဇယားကိုလည်း စီစဉ်ပေးပါတယ်။
၄. ငွေကြေး အခက်အခဲရှိသူများ အတွက် ပညာသင်ဆု ရှိပါသလား။
သင်တန်း batch တိုင်းတွင် ငွေကြေးမတတ်နိုင်သူများအတွက် ပညာသင်ဆု ၂ ခု (နေရာ) သတ်မှတ်ထားပါတယ်။
လျှောက်ထားလိုသူများ အနေဖြင့် တဖက်ပါ form တွင် မိမိ၏လိုအပ်ချက်နှင့် တက်ရောက်လိုသော သင်တန်းကို ဖော်ပြလျှောက်ထားနိုင်ပါတယ်။
၅. ငွေဘယ်လို ပေးချေလို့ရမလဲ။
ပြည်တွင်း ဘဏ်ငွေလွှဲ၊ KPay၊ CBPay၊ AYAPay များသာမက ပြည်ပ ငွေပေးချေမှုစနစ်တွေနဲ့ပါ ပေးချေနိုင်ပါတယ်။
ငွေလွှဲရမယ့် အသေးစိတ်ကိုတော့ သင်တန်းအပ်နှံမှု အတည်ပြုပြီးရင် ပို့ပေးသွားပါမယ်။