New Classes Launching August 29, 2026!
IT Service Management (ITSM) အကြောင်းကို စာအုပ်ကြီးအတိုင်း ပျင်းစရာကောင်းအောင် ပြောမှာမဟုတ်ဘဲ real world ထဲမှာ တကယ်ဘယ်လို အလုပ်လုပ်လဲဆိုတာကို ကော်ဖီဆိုင်မှာ သူငယ်ချင်းတွေ စကားစမြည်ပြောသလိုမျိုး လွတ်လွတ်လပ်လပ် ဆွေးနွေးသွားမယ့် လုံးဝ (free) online chat လေးတခုဆီ ဖိတ်ခေါ်ချင်ပါတယ်။
ဒီပွဲလေးမှာ ဘဏ်လုပ်ငန်း၊ နည်းပညာနဲ့ public service နယ်ပယ်တွေရဲ့ enterprise trenches တွေထဲမှာ လက်ရှိတကယ် ဖြတ်သန်းနေကြတဲ့ ကျမရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ senior IT professional ၂ ယောက်၊ ၃ ယောက်ကိုလည်း ဖိတ်ခေါ်ပေးထားပါတယ်။ ကျမတို့တွေ အလုပ်ခွင်ထဲမှာ ကြုံခဲ့ရတဲ့ အကြီးမားဆုံး "disaster stories" တွေ၊ အခက်အခဲတွေကို structured practices တွေသုံးပြီး ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာနဲ့ ITIL လိုမျိုး global frameworks တွေကို ကျွမ်းကျင်ထားတာဟာ လစာကောင်းတဲ့ regional ဒါမှမဟုတ် remote roles တွေဆီ တက်လှမ်းဖို့အတွက် ဘယ်လောက်တောင် အရေးပါတဲ့ secret weapon ဖြစ်လဲဆိုတာတွေကို ဝေမျှပေးသွားမှာပါ။
📅 ရက်စွဲ - စနေနေ့၊ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်
⏰ အချိန် - မနက် ၁၀:၀၀ နာရီ (မြန်မာစံတော်ချိန်)
📍 Platform - Google Meet (Registration လုပ်ပြီးပါက link ပို့ပေးပါမည်)
🎟️ MEETING LINK ရယူရန်အတွက် ဒီနေရာမှာ FREE စာရင်းပေးသွင်းနိုင်ပါပြီ -
မိမိသိချင်တဲ့ မေးခွန်းတွေ၊ လက်ရှိ အလုပ်ခွင်ထဲမှာ ခေါင်းခဲနေရတဲ့ headaches တွေနဲ့အတူ မိမိကြိုက်နှစ်သက်တဲ့ မနက်ခင်းကော်ဖီလေးတခွက်ယူပြီး တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ စနေနေ့ကျရင် တွေ့ကြမယ်နော်။